Wednesday, February 13, 2013

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော်

အို.........ဓမ္မမိတ်ဆွေ အပေါင်းတို့
အမျိုးဘာသာ၊သာသနာကို ကမ္ဘာတည်သရွေ့ အရှည်ခန့်ညား ထွန်းကားပြန့်ပွားရေးသည် ဗုဒ္ဓဘာသာ ၀င်တိုင်းရဲ့ ရင်တွင်းဆန္ဒ မျှော်လင့်ချက်ပင် မဟုတ်ပါလား....?။ ထိုရည်ရွယ်ချက် အောင်မြင်စေဖို့ ခေတ်ပညာ သတ်သိခြင်းအပေါ်တွင် မြတ်ဗုဒ္ဓ၏ သာဘာရေး ကိုယ်ကျင့်တရားတို့ဖြင့် ထိန်းချုပ်၍ အတ္တလွန် စရိုက်ဆိုးများကို ဖယ်ရှားကာ အများကောင်းကျိုးကို စွမ်းစွမ်းတမံသည်ပိုး ရွက်ဆောင်ကြမည့် လူသားအရင်းအမြစ်များ များဖို့လိုအပ်ပေသည်။
မျက်မှောက်ကာလ အခြေအနေတွင် အရေးကြုံလာ မနေသာသည့်အခြေမှို သာသနာ့အကျိုးတော်ဆောင် ဆရာတော်ကြီးများက “ မိမိအရေး ခဏစတေးကာ” ရင်းသွေးငယ်တို့၏ နှလုံးသားဝယ် မြတ်ဘုရားတည်စေဖို့ အခြေခံအုတ်မြတ်တို့ ပန္နက်ရိုက် စိုက်ထူးပေးနေကြတာ အားလုံးအသိပင်ဖြစ်ပေသည်။ ထိုထိုအထဲတွင်မှ
“ ဗုဒ္ဓဘာသာ ၊ လူဖြစ်လာရ
မြတ်ဘ၀၀ယ် ၊ မာနမဖက်
ဓမ္မစက်ဖြင့် ၊ မျိုးဆက်မြန်မာ
တိုးတက်စွာလျှင် ၊ ရှည်ကြာတည့်တံ့
ဗုဒ္ဓသာသနာ ၊ ကမ္ဘာပြန့်ဖို့
ကြံ့ကြံ့ခိုင်ကျည် ၊ တို့ကြိုးစားကြမည်”.

ဆိုသည့် အဓိဌာန်နဲ့အညီ “ ဗုဒ္ဓဓမ္မစက် မပြတ်အစဉ် လည်ပတ်စေဖို့ ” မနားမနေ ကြိုးပမ်းဆောင်ရွက်နေသည့် မန္တလေးမြို့ အရှေ့ဖက် ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာ ရေတံခွန်တောင်ခြေ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာ၏သာသနာရေး   ဆောင်ရွက်ချက်လုပ်ငန်းများကား ကြားရသူတိုင်းကို ပီတိဘ၀င်လှိုင်းထစေပါသည်။သစ္စဝေဒဂူ မဂ္ဂင်ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာနနာယက ကမ္မဋ္ဌာနာစရိယ ဓမ္မကထက သဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီး အရှင်ခေမာစာရ၏ လမ်းညွှန်မှုနှင့်အညီ ဓမ္မရိပ်သာကြီးဝယ် လစဉ်တိုင်း (၁၀) ရက်စခန်း၊ ရက်(၂၀) စခန်းများ လစဉ်မပျက် တစ်နှစ်ပတ်လုံး ဖွင့်ကာ ပဋိပတ်ယန္တရားမပြတ်လည်စေခဲ့သည်။          ဒါ့အပြင် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့တာ မန္တလေးမှသည် ပြင်ဦးလွင်၊ နောင်ပိန်၊ သီပေါ၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်မြို့များသို့လည်းကောင်း၊ ကျောက်ဆည်၊ မြစ်သား၊ ပြင်စည်၊ နွားထိုးကြီး၊ မိတ္ထီလာ၊ မြင်းခြံ၊ ပျောက်ဘွယ်မြို့များသို့လည်းကောင်း၊ တောင်ငူ၊ ဖားအံ၊ ကျိုက်ထို၊ ထောက်ကြံ့၊ သံလျင်၊ ရန်ကုန်၊ လပ္ပတ္တာမြို့များသို့ လည်းကောင်း၊ စစ်ကိုင်း၊ မြင်းမူ၊မြိုင်၊ပုလဲ၊ ကျော၊ဂန့်ဂေါ၊ကလေး၊ ချင်းပြည်နယ်တောင်ပိုင်း စွန်တောင်ရွာသို့လည်းကောင်း၊ လက်ပံလှ၊ နွယ်ရုံ၊ကျည်တောက်ပေါက်၊ မိုးကုတ်၊ ၀က်လက်၊ ရွှေဘို၊ ကန့်ဘလူ၊ ကျွန်းလှ၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ မန်နောင်ရွာသို့လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်အရပ်ရပ်သို့ ဖြန့်၍ ဘာသာသာသနာမျိုးစေ့တို့ ကြဲချပေးနေတာဟာဖြင့် ခုဆိုရင် စုစုပေါင်း ဋ္ဌါန(၈၁)ခုထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။
ဒါတင်ပဲလားဆိုတော့ မကသေးပါ။ မန်းရွှေမြို့တွင်း၌ ဓမ္မာရုံများ၊ ကျောင်းများတွင် အပတ်စဉ် Sunday school များဖြင့် ဓမ္မမျိုးဆက်သစ်တို့ လက်ဆင့်ကမ်းပေး သင်ကြားပို့ချပေးလျှက်ရှိပါပြီ။ တဖန် ရပ်နီး၊ ရပ်ဝေးမြို့ရွာများမှ ပညာသင်စရိတ် အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများအတွက် ရည်ရွယ်၍ “လူငယ်ယဉ်ကျေးမှုနှင့် ပညာရေးဒါန ဖောင်ဒေးရှင်း”ဖွဲ့ကာ တက္ကသိုလ်အဆင့်ထိတိုင် လိုအပ်သလို ထောက်ပံ့ ချီးမြှင့်ပေးနေတာ ခုဆိုရင် မန်းမြို့ပေါ်မှာ ဆန်းဒေးစကူးအပါအ၀င် (၁၅)ဋ္ဌါနလောက်ထိ ဖြန့်ဝေလျှက်ရှိနေပါပြီ။ တို့ဗုဒ္ဓဘာသာတွေအနေနဲ့ ခုလို ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာအတွက် အင်တိုက်အားတိုက် ထောက်ပံ့ပေးမှု တွေ ပေါ်ပေါက်လာတာဟာဖြင့် အလွန်အင်မတန်မှ ၀မ်းမြောက်ဖွယ်ဖြစ်သလို မိမိတို့ဖက်မှလည်း အုတ်တချပ်၊ သဲတပွင့်စာ နိုင်ရာတာဝန်တို့ ထမ်းလို့ ဘာသာ၊သာသနာအတွက် ပါဝင်သင့်လှပေသည်။
ယခု ကျနော်တို့ ဗုဒ္ဓကမ္ဘာအသင်းအဖွဲ့ ပေါ်ပေါက်လာတာဟာလည်း ဘာသာ သာသနာအတွက် တက်ညီလက်ညီ အဖွဲ့ဝင်များအားလုံး စည်းစည်းလုံးလုံး အင်တိုက်အားတိုက်ဖြင့် သာသနာ့ကိစ္စများကို တတ်နိုင်တဲ့ဖက်မှ လက်တွဲပါဝင်ကြဖို့ပင်မဟုတ်ပါလော။ ဤသို့သော သာသနာ့ဝန်ဆောင် ဆရာတော်ကြီးများ ရှေ့မှ မားမားမတ်မတ် အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော သာသနာ့လုပ်ငန်းများ ပိုလို့ အရှိန်အဟုန် ကြီးမားစွာ ဆက်လက်ချီတက်နိုင်စေဖို့ နောက်မှ တနိုင်တပိုင် ပံ့ပိုးကူညီ လှူဒါန်းကြဖို့ရာသည် ကျနော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နိုင်ရာတာဝန်ပင် မဟုတ်ပါလော။ထို့အတွက်ကြောင့် လာမယ့် ဖေဖော်ဝါရီလတွင် ကျရောက်မည့် အသင်းနှစ်ပတ်လည် အထိမ်းအမှတ် အလှူပွဲကြီးကို မန္တလေးမြို့အရှေ့ဖက် ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာ ရေတံခွန်တောင်ခြေရှိ သစ္စဝေဒဂူ မိုးကုတ် ၀ိပဿနာ မဂ္ဂင်ဓမ္မ ရိပ်သာကြီးသို့ (16/ 2/2013)ရက်၊စနေနေ့ တွင်  သွားရောက်လှူဒါန်းကြမှာ ဖြစ်ပါတယ်။ ကျောင်းတိုက်မှာ အမြဲနေ သံဃာတော်များ၊ သီလရှင်များနှင့် ယောဂီ စုစုပေါင်း (၂၀၀)ကျော်တို့အား နေ့ဆွမ်းဆက်ကပ်၍ လှူဖွယ်တို့ဖြင့် သွားရောက်လှူဒါန်းကြမှာဖြစ်တာကြောင့် အဖွဲ့ဝင်များအနေဖြင့် မိမိတို့တတ်အားသရွေ့ သဒ္ဓါတရား နည်းများ မဆို လှူဒါန်းပါဝင်နိုင်ပါ ကြောင်း နိုးဆော် တိုက်တွန်းလိုက်ရပါတော့သည်။

ဆက်သွယ်လှူဒါန်းလိုပါက......
(၁) ကိုညီညီတင် (မူဆယ်-ရှမ်းပြည်)
ဖုန်းနံပါတ်-09445108754

(၂) မဇင်မာညို (လားရှိုး-ရှမ်းပြည်)
ဖုန်းနံပါတ်-၀၈၂-၂၃၆၄၂

(၃) မစုစုမာ (မန္တလေး)
ဖုန်းနံပါတ်-09444023012

(၄)ကိုရဲမင်းသူ(ရန်ကုန်)
ဖုန်းနံပါတ်-09 51 50 288

(၅)ကိုလှိုင်ကျော်ထွေး(ရန်ကုန်)
ဖုန်းနံပါတ်-09420251552

(၆)ကိုကျော်ဝဏ္ဏ (မလေးရှား)
ဖုန်းနံပါတ်-0172218148

(၇)မဥမ္မာလွင်(အမေရိကား)
ဖုန်းနံပါတ်-1-510-565-4825

(၈)ကိုသန်းထိုက်စိုး (ဂျပန်)
ဖုန်းနံပါတ်-.၀၉၀ ၉၁၅၈ ၅၃၈၉

(၉)ကိုလှမိုး (ဆစ်ဒနီ)
ဖုန်းနံပါတ်-၀၄၁၈၂၈၈၆၃၄

(၁၀)ဒေါ်မေကျော့ရှင်း (ဘန်ကောက်)
ဖုန်းနံပါတ်-00662691-9237 (6681-939-5175)

(၁၁)ကိုရဲမင်းထွန်း (စင်္ကာပူ)
ဖုန်းနံပါတ်-၀၉ ၇၃၁၄၄၉၃၆....   

(၁၂) ကိုကောင်းမြတ်ဇော် (စင်္ကာပူ) ဖုန်းနံပါတ် - ၈၃၂၈၃၉၈၅


စသည့်အကျိုးတော်ဆောင် ကိုယ်စားလှယ်များနှင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။
သာသနာဟိတအသင်းဝင်များနှင့် ဓမ္မမိတ်ဆွေအားလုံးကိုလည်း ကျနော်တို့၏ ဗုဒ္ဓကမ္ဘာဆိုဒ် ထူထောင်ခြင်းကာလ (၂)ပြည့်အထိမ်းအမှတ် ဒီအလှူပွဲအထမြောက်အောင်မြင်စေရန် နိုင်သည့်ဘက်မှ ပါဝင်လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်တိုက်တွန်းအပ်ပါသည်။။။။

No comments:

Post a Comment