Wednesday, February 13, 2013

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏ ရှင်းလင်းလွယ်ကူသော တရားစာစု ...




ရှုပ်ထွေးပွေလီလှတဲ့ လူ့လောက သဘာဝ ပျားသကာဖုံးနေတဲ့ ဆေးခါးခါးတစ်ခွက်ပမာ လှည့်စားမူများဖြင့် ပြည့်နှက်၍ နေပါသည် ။

ဗုဒ္ဓဥာဏ်တော်ကို ဝေဖန်သော ဘာသာခြား

ဒကာ ။ ဆရာတော်တို့ဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန်သိတယ် လို့လည်း ပြောကြတယ် ။ တစ်ခါ အခုလို သာသနာနှစ် ကြာလာတဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ် ။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက် သာသနာပြုပြီးဖျက်ဆီးကြလိမ့်မည်လို့ဟောခဲ့တယ်လို့လည်း တပည့်တော် မကြားဖူးပါ ဘုရား ။ဒီတော့ အကုန်သိတယ်ဆိုရင်လည်း

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော်

အို.........ဓမ္မမိတ်ဆွေ အပေါင်းတို့
အမျိုးဘာသာ၊သာသနာကို ကမ္ဘာတည်သရွေ့ အရှည်ခန့်ညား ထွန်းကားပြန့်ပွားရေးသည် ဗုဒ္ဓဘာသာ ၀င်တိုင်းရဲ့ ရင်တွင်းဆန္ဒ မျှော်လင့်ချက်ပင် မဟုတ်ပါလား....?။ ထိုရည်ရွယ်ချက် အောင်မြင်စေဖို့ ခေတ်ပညာ သတ်သိခြင်းအပေါ်တွင် မြတ်ဗုဒ္ဓ၏ သာဘာရေး ကိုယ်ကျင့်တရားတို့ဖြင့် ထိန်းချုပ်၍ အတ္တလွန် စရိုက်ဆိုးများကို ဖယ်ရှားကာ အများကောင်းကျိုးကို စွမ်းစွမ်းတမံသည်ပိုး ရွက်ဆောင်ကြမည့် လူသားအရင်းအမြစ်များ များဖို့လိုအပ်ပေသည်။
မျက်မှောက်ကာလ အခြေအနေတွင် အရေးကြုံလာ မနေသာသည့်အခြေမှို သာသနာ့အကျိုးတော်ဆောင် ဆရာတော်ကြီးများက “ မိမိအရေး ခဏစတေးကာ” ရင်းသွေးငယ်တို့၏ နှလုံးသားဝယ် မြတ်ဘုရားတည်စေဖို့ အခြေခံအုတ်မြတ်တို့ ပန္နက်ရိုက် စိုက်ထူးပေးနေကြတာ အားလုံးအသိပင်ဖြစ်ပေသည်။ ထိုထိုအထဲတွင်မှ
“ ဗုဒ္ဓဘာသာ ၊ လူဖြစ်လာရ
မြတ်ဘ၀၀ယ် ၊ မာနမဖက်
ဓမ္မစက်ဖြင့် ၊ မျိုးဆက်မြန်မာ
တိုးတက်စွာလျှင် ၊ ရှည်ကြာတည့်တံ့
ဗုဒ္ဓသာသနာ ၊ ကမ္ဘာပြန့်ဖို့
ကြံ့ကြံ့ခိုင်ကျည် ၊ တို့ကြိုးစားကြမည်”.

ပရိတ်ကြီး(၁၁)သုတ်ပါဠိ (မြန်မာပြန်)

ပရိတ်ကြီး(၁၁)သုတ်ပါဠိမြန်မာပြန်ကို mediafire.comထဲမှာဒေါင်းလုပ်လုပ်နိုင်သလိုဖွင့်ပြီးလည်းဖတ်နိုင်ပါသည်။



ပရိတ်ကြီး(၁၁)သုတ်ပါဠိမြန်မာပြန်




********* ပရိတ်ကြီး(၁၁)သုတ်ပါဠိ *********



“လွဲချော်နေတဲ့ အသိလေးများ”

“လွဲချော်နေတဲ့ အသိလေးများ”
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
ဗုဒ္ဓဘာသာဝင်များ ဆောင်ရွက်လေ့ရှိကြတဲ့ ကုသိုလ်ပွဲ့အချို့မှာ လွဲချော်နေတဲ့ အသိကလေးများ ရှိနေတာကို သတိထား မိတယ်။ ဥပမာ-အနေကဇာတင်ရာမှာ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက်စတာတွေလို မလို၊ နောက် အနေကဇာတင်တာ နေ့လည်တွင် မတင်ကောင်း ဆိုတာမျိုးလိုပေါ့။
အနေကဇာတင်ကြွရန် ပင့်သူတိုင်း နောက်ဆက်တွဲက “ဘာတွေ လုပ်ထားရမှာလဲဘုရား” လို့ မေးလျှောက်လေ့ ရှိကြတယ်။ ဘာမှ မလိုပါဘူး၊ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရုပ်ပွားတော်ကို ပန်း ရေချမ်း ဆွမ်း ဆီးမီး သစ်သီး ကပ်ထားရင် ရပါတယ်လို့ ပြောလိုက်ရင်ပဲ-
မဟုတ်ဘူးလေဘုရာ့ “ထီး တံခွန် ကုက္ကား မလေးပွား ဂြိုဟ်ရွက် စတာတွေ ဝယ်ထားဖို့ လိုတယ် မဟုတ်လားဘုရား”တဲ့။ အတွန့်တက်လေ့ ရှိကြတာကို အမြဲ ကြုံရတတ်တယ်။
မလိုပါဘူး ပြောတာကိုဘဲ သူတို့က မယုံကြဘူး။ အိမ်ရောက်ရင် အဲဒါတွေ မဝယ်ဖို့ ပြောထားပေမယ့် ဝယ်ထားသူတွေ က များလှတယ်။

“စွန်းလွန်းဆရာတော်ကြီး ဖြေကြားသော ၀န်ကြီးချုပ် ဦးနု မေးခွန်း များ”

“စွန်းလွန်းဆရာတော်ကြီး ဖြေကြားသော ၀န်ကြီးချုပ် ဦးနု မေးခွန်း များ”

တချိန်က သာသနာမှာ ရဟန္တာတစ်ဆူဟုကျော်ကြားတော်မူသော ထွန်ထောင် ဆရာတော် ( လူ့ဘ၀တုံးက ထွန်ကိုထောင် နွားတွေကို ဘေးမဲ့ပေးပြီး ရဟန်းဘောင် ၀င်ရောက်ခဲ့လို့ ) စွန်းလွန်းဂူ ဆရာတော် ဦးက၀ိ ကို နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု က ဖူးမျှော်ရင်း မေး+ဖြေ ခဲ့တဲ့စကားဆိုတာကို လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ထုတ်ဝေခဲ့သည့်ဤ စာအုပ်လေးကို ပြန်လည်ဖတ်ရှုရသည့်အခါ ပညာရှင်နှစ်ဦး၏အဘိဓမ္မာဆိုင်ရာ အမေးအဖြေတွေကို ဓမ္မမိတ်ဆွေများ လေ့လာ စေချင်ပါသဖြင့်တင်ပြအပ်ပါသည်။
မေး။ ။ လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း ၊ ရှင်စေလို ရေနွေးလောင်း၊ ဟူသောအမေးကို ဖြေကြားတော်မူပါဘုရား၊

ဓမ္မဒါန စာရွက်လေး တစ်ရွက် ......

ဒီနေ့ Blog ရေးနည်း အခြေခံလေးတွေကို ရေးနေရင်း အသက်(၂၀) ပတ်ဝန်းကျင် ကောင်လေး တစ်ယောက် ရောက်လာတယ် ..... လက်ထဲမှာလည်း စာရွက် တစ်ထပ်ကြီးနဲ့ ..... မိုးတွင်းဆိုတော့ ရေစိုမှာစိုးလို့ထင်တယ် စာရွက်တွေကို ပလပ်စတစ်အိတ်လေးနဲ့ ထည့်ထားတယ် ....။
ပထမတော့ ကျွန်တော်သတိမထားမိဘူး ...... Blog Post အတွက် စာရေးလိုက်၊ Scream Shoot လုပ်လိုက်၊ Upload တင်လိုက်နဲ့ အလုပ်ရှုတ်နေလို့လေ.....
"အစ်ကို .... ဓမ္မဒါန ဖြန့်ဝေတာပါ ခင်ဗျာ ..."